back

ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမူကြမ်းကို အစိုးရအဖွဲ့ အတည်ပြု

Jul 16 • 1:47 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားများ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမူကြမ်းကို အစိုးရအဖွဲ့ အတည်ပြု

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူ၊ ဥပဒေချိုးဖောက်ပြီး အလုပ် သို့မဟုတ် စီးပွားရေးလုပ်ကိုင်သူများနှင့် ကြီးလေးသော ရာဇဝတ်မှုကျူးလွန်သည့် နိုင်ငံခြားသားများ...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူ၊ ဥပဒေချိုးဖောက်ပြီး အလုပ် သို့မဟုတ် စီးပွားရေးလုပ်ကိုင်သူများနှင့် ကြီးလေးသော ရာဇဝတ်မှုကျူးလွန်သည့် နိုင်ငံခြားသားများကို ပိုမိုမြန်ဆန်စွာ ပြည်နှင်ဒဏ်ပေးနိုင်မည့် လုပ်ထုံးလုပ်နည်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း သိရသည်။ ယင်းတင်ပြချက်မှာ ဇွန်လ ၁၆ ရက် အစိုးရအဖွဲ့ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲအဖြစ် ဒုတိယဝန်ကြီးချုပ် ပါခွန်၏ တင်ပြချက်အရ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါး သာနာဒီးရက်က ပြောကြားသည်။ အဆိုပါ လုပ်ထုံးလုပ်နည်းအသစ်တွင် အာဏာပိုင်များအနေဖြင့် ပြည်နှင်ဒဏ်ပေးရန် သတ်မှတ်ထားသည့် ပြစ်မှု ၆ ချက် ပါဝင်ပြီး၊ ယင်းတို့မှာ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် ဗီဇာသက်တမ်းကျော် နေထိုင်ခြင်း၊ အလုပ်သမားဥပဒေချိုးဖောက်၍ အလုပ်လုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းဥပဒေချိုးဖောက်ခြင်း၊ အစိုးရစာရွက်စာတမ်းအတု ပြုလုပ်/အသုံးပြုခြင်း၊ ထောင်ဒဏ် ၃ နှစ်နှင့်အထက် ကျခံရမည့် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် ရာဇဝတ်မှုများတွင် ပင်မတရားခံ သို့မဟုတ် လှုံ့ဆော်အားပေးသူအဖြစ် ပါဝင်ခြင်းတို့ ဖြစ်ကြသည်။

news-view-count-icon

35