ထိုင်းနိုင်ငံတွင် E-Workpermit စနစ် ရက်ချိန်းရယူမှု အဆင်မပြေသည့် ပြဿနာကို ဖြေရှင်းရန် ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘီတီ ၆၂) ထုတ်ပေးသည့် စီမံချက်ကို ဆောင်ရွက်နေသော်လည်း အဆိုပါ ယာယီလက်မှတ်ရရှိထားသူများသည် မူရင်းအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ယူရန်နှင့် ဇီဝအချက်အလက် (Biometrics) ကောက်ယူရန်အတွက် သတ်မှတ်ရက်ချိန်းအတိုင်း ဝန်ဆောင်မှုစင်တာသို့ မဖြစ်မနေ သွားရောက်ရမည်ဖြစ်ကြောင်း၊ ပျက်ကွက်ပါက နေထိုင်လုပ်ကိုင်ခွင့် ချက်ချင်းကုန်ဆုံးပြီး တရားမဝင်လုပ်သား ဖြစ်သွားမည်ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဌာနက သတိပေးထုတ်ပြန်ထားသည်။
သတ်မှတ်ရက်ချိန်းအတွင်း Work Permit မထုတ်ယူပါက ရွှေ့ပြောင်းလုပ်သားများ တရားမဝင်ဖြစ်မည်ဟု ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန သတိပေး
Jul 15 • 9:11 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


