back

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၌ နှစ်ချိန်စနစ် သင်ကြားခြင်း ပိတ်ပင်ရန်နှင့် ဆရာမှတ်ပုံတင် Green Card စနစ် ပြောင်းလဲရန် စည်းမျဉ်းသစ်များ ထုတ်ပြန်

Jul 15 • 9:09 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကျောင်းများ၌ နှစ်ချိန်စနစ် သင်ကြားခြင်း ပိတ်ပင်ရန်နှင့် ဆရာမှတ်ပုံတင် Green Card စနစ် ပြောင်းလဲရန် စည်းမျဉ်းသစ်များ ထုတ်ပြန်

ပညာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းများအတွက် စည်းမျဉ်းအသစ်များ ထုတ်ပြန်ခဲ့ပြီး လာမည့်ပညာသင်နှစ်မှစ၍ သတ်မှတ်ပမာဏထက် ကျောင်းသားပိုမိုလက်...

ပညာရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းများအတွက် စည်းမျဉ်းအသစ်များ ထုတ်ပြန်ခဲ့ပြီး လာမည့်ပညာသင်နှစ်မှစ၍ သတ်မှတ်ပမာဏထက် ကျောင်းသားပိုမိုလက်ခံကာ နှစ်ချိန်စနစ်ဖြင့် သင်ကြားခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း အသိပေးထားသည်။ ထို့ပြင် ပုဂ္ဂလိကကျောင်းဆရာ၊ ဆရာမများကိုလည်း လာမည့်နှစ်မှစတင်ကာ ၉ လတာ သင်တန်းအောင်မြင်ပြီးသူများကိုသာ Green Card ထုတ်ပေးသွားမည်ဖြစ်ပြီး၊ တစ်ဖက်တွင်လည်း နိုင်ငံတကာသင်ရိုးသင်ကျောင်းသားများ ပြည်တွင်းတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ကိုယ်ပိုင်နှင့် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။

news-view-count-icon

35