back

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအပြာရောင်စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

Jul 15 • 8:57 AM

breaking-news

Myanmar

International

cover

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအပြာရောင်စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ပင်လယ်သမုဒ္ဒရာကို အခြေခံသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (Blue Economy) အကောင်းဆုံးလုပ်ဆောင်ချက်များကို အပြန်အလှန် မျှဝေဆွေးနွေးရန်အတွက် အင်ဒိုနီ...

ပင်လယ်သမုဒ္ဒရာကို အခြေခံသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (Blue Economy) အကောင်းဆုံးလုပ်ဆောင်ချက်များကို အပြန်အလှန် မျှဝေဆွေးနွေးရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် လာမည့် သောကြာနေ့မှ စနေနေ့အထိ ဂျာဗားအရှေ့ပိုင်းပြည်နယ်၊ ဘန်ယူဝမ်ဂီခရိုင်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ပါဝင်မည့် နိုင်ငံတကာ ဖိုရမ်တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။ "ASEAN-ID Blue Forum" ဟု အမည်ရသည့် အဆိုပါဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပင်လယ်ပြင်ရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနတို့က နယူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ဇူလိုင် ၁၄ ရက် သတင်းများအရ သိရသည်။

news-view-count-icon

33