back

တောင်ကိုရီးယားတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရန် တစ်ကိုယ်ရေသုံးခွက် (Tumbler) ယူဆောင်လာသူများကို ဝမ် ၈၀၀ ကျော် (၀.၆၀ ဒေါ်လာ) လျှော့ဈေးပေးမည့်စနစ် ကျင့်သုံး

Jul 15 • 6:37 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရန် တစ်ကိုယ်ရေသုံးခွက် (Tumbler) ယူဆောင်လာသူများကို ဝမ် ၈၀၀ ကျော် (၀.၆၀ ဒေါ်လာ) လျှော့ဈေးပေးမည့်စနစ် ကျင့်သုံး

တောင်ကိုရီးယား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကော်ဖီဆိုင်များတွင် တစ်ခါသုံး ပလတ်စတစ်ခွက်များ သုံးစွဲမှုကို လျှော့ချရန်အတွက် ကော်ဖီဝယ်ယူရာတွင် ကိုယ်ပိုင်ဖ...

တောင်ကိုရီးယား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ကော်ဖီဆိုင်များတွင် တစ်ခါသုံး ပလတ်စတစ်ခွက်များ သုံးစွဲမှုကို လျှော့ချရန်အတွက် ကော်ဖီဝယ်ယူရာတွင် ကိုယ်ပိုင်ဖန်ခွက် သို့မဟုတ် တန်ပလာ (Tumbler) ယူဆောင်လာသည့် ဖောက်သည်များကို ဝမ် ၈၀၀ ခန့် (အမေရိကန်ဒေါ်လာ ၀.၆၀) အထိ စျေးလျှော့ပေးမည့် အစီအစဉ်သစ်တစ်ခုကို ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) တွင် ထုတ်ပြန်လိုက်သည်။လက်ရှိတွင် ပြည်တွင်းရှိ ကော်ဖီဆိုင်အချို့၌ ကိုယ်ပိုင်ခွက်ယူဆောင်လာပါက ဝမ် ၃၀၀ မှ ၄၀၀ ဝန်းကျင်သာ လျှော့ပေးလေ့ရှိသော်လည်း ယခုအစီအစဉ်သစ်အရ အစိုးရက ကာဗွန်လျှော့ချရေး အမှတ်ပေးစနစ် (Carbon Neutrality Points) မှတစ်ဆင့် အပိုဆောင်းထောက်ပံ့ပေးသွားမည်ဖြစ်သဖြင့် လျှော့ဈေးပမာဏမှာ နှစ်ဆနီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။အဆိုပါ စနစ်ကို နိုင်ငံတစ်ဝှမ်းရှိ နာမည်ကြီး ကော်ဖီဆိုင်ခွဲကြီးများ (Coffee Chains) တွင် ဦးစွာစတင် ကျင့်သုံးသွားမည်ဖြစ်ပြီး၊ တစ်ခါသုံးပလတ်စတစ် အမှိုက်များကို သိသိသာသာ လျှော့ချနိုင်ရန်နှင့် ပြည်သူများအကြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလေ့အထ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

news-view-count-icon

9