back

ပြည်တွင်း၌ ရွှေရောင်းဝယ်ရေးလိုင်စင် သက်တမ်းတိုးရန် ၆ လ ကြိုတင်လျှောက်ထားရမည်ဖြစ်

Jul 15 • 1:39 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ရွှေရောင်းဝယ်ရေးလိုင်စင် သက်တမ်းတိုးရန် ၆ လ ကြိုတင်လျှောက်ထားရမည်ဖြစ်

ပြည်တွင်း၌ ရွှေရောင်းဝယ်ရေးလုပ်ငန်းလိုင်စင် ရရှိထားသူများအနေဖြင့် လိုင်စင်သက်တမ်းကုန်ဆုံးရက်မတိုင်မီ ၆ လ ကြိုတင်၍ သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိ...

ပြည်တွင်း၌ ရွှေရောင်းဝယ်ရေးလုပ်ငန်းလိုင်စင် ရရှိထားသူများအနေဖြင့် လိုင်စင်သက်တမ်းကုန်ဆုံးရက်မတိုင်မီ ၆ လ ကြိုတင်၍ သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။Myan Gold Application အသုံးပြုသူများသည် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီး၊ အသုံးမပြုသူများမှာမူ သက်ဆိုင်ရာ ကနဦးစိစစ်ရေးအဖွဲ့များထံ လျှောက်ထားပြီးမှ ခွင့်ပြုချက်ကို နေပြည်တော်ရှိ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတွင် ကိုယ်တိုင်သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ထို့ပြင် ကျောက်မျက်လိုင်စင်ရထားသူများအနေဖြင့် ရွှေရောင်းချခြင်းမပြုပါဟူသော ဝန်ခံကတိပြုချက် တင်ပြပြီးမှသာ ကျောက်မျက်ရတနာ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး၊ Myan Gold Application သုံးစွဲသည့် ရွှေဆိုင်များသည်လည်း နေ့စဉ်အရောင်းအဝယ်စာရင်းကို ည ၁၂ နာရီမတိုင်မီ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

28