ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတွင်း အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရန်အတွက် အရည်အသွေးမြင့် သံမဏိများ အသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီ (AISC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်၍ တိုက်တွန်းနှိုးဆော်ထားသည်။ အဆိုပါအစီရင်ခံစာတွင် အာဆီယံနိုင်ငံများရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ထားပြီး၊ Induction Furnace (IF) စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများ၏ အရည်အသွေးပိုင်းဆိုင်ရာ အန္တရာယ်များကို အဓိကထား ထည့်သွင်းသတိပေး ဖော်ပြထားကြောင်း သိရသည်။
ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများအတွက် အရည်အသွေးမြင့် သံမဏိအသုံးပြုရန် အာဆီယံ သံနှင့်သံမဏိကောင်စီ (AISC) အကြံပြုတိုက်တွန်း
Jul 14 • 12:29 PM
Myanmar
International
Share
| 18 | 0 | 0 | 0 |


