back

ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပြိုကျမှုကြောင့် ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ

Jul 14 • 12:27 PM

breaking-news

Myanmar

International

cover

ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်ပြိုကျမှုကြောင့် ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ် ကိုဟတ်ခရိုင်၊ လာချီဒေသရှိ မာလ်ဂျင်ရပ်ကွက်တွင် ဇူလိုင် ၁၃ ရက် (တနင်္လာနေ့) ညနေပိုင်းက မိုးသည်းထန်စွာ...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ် ကိုဟတ်ခရိုင်၊ လာချီဒေသရှိ မာလ်ဂျင်ရပ်ကွက်တွင် ဇူလိုင် ၁၃ ရက် (တနင်္လာနေ့) ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရာ အပျက်အစီးများအောက်တွင် လူ ၂၃ ဦး ပိတ်မိခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံး ၉ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ (Rescue 1122) မှ တာဝန်ရှိသူများက ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

news-view-count-icon

20