မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေမည်ဖြစ်ကာ၊ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သဖြင့် အဆိုပါ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးဂရုပြု နေထိုင်ကြရန် သတိပေးထုတ်ပြန်ထားသည်။


