တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နိုင်ငံတော်ကော်မတီဥက္ကဋ္ဌ ဝမ်ဟူနင်း (Wang Huning) ဦးဆောင်သည့် ပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီနှင့် မြောက်ကိုရီးယားအစိုးရတို့၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၄ ရက် (အင်္ဂါနေ့) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
| 9 | 0 | 0 | 0 |


