ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုရှိ နန်းခုံကျေးရွာနှင့် တပ်ပုတ်ကျေးရွာတို့တွင် လွန်ခဲ့သည့် နှစ်ပတ်ခန့်မှစ၍ ခွေးရူးကိုက်ခံရသူ ဆက်တိုက်တိုးပွားလာနေပြီး လက်ရှိတွင် အကိုက်ခံရသူ ၂၅ ဦးအထိ ရှိလာကာ နန်းခုံကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။တပ်ပုတ်ကျေးရွာတွင် တစ်မနက်တည်း၌ပင် လူ ၉ ဦးအထိ အကိုက်ခံခဲ့ရသဖြင့် ကလေးငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကျေးရွာစာသင်ကျောင်းကိုပါ ယာယီပိတ်ထားရသည်။လတ်တလောတွင် ခွေးရူးကာကွယ်ဆေး တစ်ချောင်းလျှင် ကျပ် ၉၀,၀၀၀ ခန့် ဈေးနှုန်းကြီးမြင့်နေပြီး ကိုက်ခံရသူ များပြားလာသဖြင့် ကာကွယ်ဆေးရရှိရန် ခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ခွေးရူးကိုက်ခံရပါက အသက်အန္တရာယ် မစိုးရိမ်ရစေရန် နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ အချိန်မီဆေးထိုးကြရန်နှင့် မိဘများအနေဖြင့်လည်း ကောင်ငယ်များကို သတိပြုစောင့်ရှောက်ကြရန် အချင်းချင်း တိုက်တွန်းလျက်ရှိပြီး၊ ခွေးရူးရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာမှ ကာကွယ်ဆေးနှင့် ဆေးဝါးများ လုံလောက်စွာ ကူညီထောက်ပံ့ပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ် ရွာငံတွင် ခွေးရူးကိုက်ခံရသူ ၂၅ ဦးအထိ ရှိလာပြီး ကလေးငယ်များ အန္တရာယ်ရှိ၍ စာသင်ကျောင်းတစ်ကျောင်းပါ ယာယီပိတ်ထားရ
Jul 14 • 6:34 AM
Myanmar
Shan
Share
| 14 | 0 | 0 | 0 |


