back

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာသူများ၏ မိုဘိုင်းဖုန်းများ CEIR စနစ်တွင် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ရမည်

Jul 14 • 3:14 AM

breaking-news

Myanmar

Local

cover

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာသူများ၏ မိုဘိုင်းဖုန်းများ CEIR စနစ်တွင် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ရမည်

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာသော ခရီးသည်များအနေဖြင့် ၎င်းတို့နှင့်အတူ ပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက...

အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာသော ခရီးသည်များအနေဖြင့် ၎င်းတို့နှင့်အတူ ပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို CEIR စနစ်တွင် ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက ထုတ်ပြန်အသိပေးထားသည်။ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်လာသည့် ခရီးသည်တစ်ဦးလျှင် မိုဘိုင်းလက်ကိုင်ဖုန်း ၂ လုံးအထိ သယ်ယူခွင့်ပြုထားသည်။ ထိုသို့ သယ်ယူလာသည့် မိုဘိုင်းဖုန်းများကို CEIR စနစ်တွင် မှတ်ပုံတင်နိုင်ရန်အတွက် လေဆိပ်ရှိ အကောက်ခွန်ကောင်တာများတွင် Passenger Declaration Form (PD Form) ဖြင့် စနစ်တကျ ကြေညာရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

48