back

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ဘားဆိုင်အချို့ ညနက်သည်အထိ ဆူညံစွာ ဖွင့်လှစ်မှုများကြောင့် ဒေသခံများ ထိရောက်စွာ ကြပ်မတ်ပေးရန် လိုလားနေ

Jul 13 • 3:50 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ဘားဆိုင်အချို့ ညနက်သည်အထိ ဆူညံစွာ ဖွင့်လှစ်မှုများကြောင့် ဒေသခံများ ထိရောက်စွာ ကြပ်မတ်ပေးရန် လိုလားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စည်းကမ်းလိုက်နာမှု အားနည်းသည့် Unplugged ဘား (Bar) ဆိုင်အချို့၏ ဆူညံမှုများကြောင့် ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စည်းကမ်းလိုက်နာမှု အားနည်းသည့် Unplugged ဘား (Bar) ဆိုင်အချို့၏ ဆူညံမှုများကြောင့် ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများ၊ လူမမာများနှင့် ကလေးငယ်များ အနှောင့်အယက်ဖြစ်ရသဖြင့် သက်ဆိုင်ရာမှ ထိရောက်စွာ ကြပ်မတ်ပေးရန် ဒေသခံများက လိုလားနေကြသည်။ကန်ရှေ့ရပ်ကွက်၊ အဆုတ်ဆေးရုံအရှေ့ရှိ "ဂေ့ဘား" နှင့် ရေအေးကွင်းရပ်ကွက်၊ အထက (၄) အနီးရှိ "Jungle M Bar" တို့သည် ညနက် ၁၁ နာရီကျော်သည်အထိ ဆူညံစွာ ဖွင့်လှစ်နေသဖြင့် ရပ်ကွက်ရုံးသို့ တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှု မရှိသလောက်ဖြစ်နေကြောင်း သိရသည်။ သို့ဖြစ်ရာ မြို့ခံပြည်သူများနှင့် ကျောင်းသားမိဘများက အဆိုပါ စည်းကမ်းမဲ့ဘားဆိုင်များကို ထိထိရောက်ရောက် ကြပ်မတ်အရေးယူပေးရန် တောင်းဆိုထားကြသည်။

news-view-count-icon

10