back

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမှ ရင်ချင်းဆက်အမြွှာကလေးငယ်များကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌မွေးဖွား၊သီးခြားစီခွဲနိုင်ရန်စီစဉ်နေ

Jul 11 • 2:32 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမှ ရင်ချင်းဆက်အမြွှာကလေးငယ်များကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌မွေးဖွား၊သီးခြားစီခွဲနိုင်ရန်စီစဉ်နေ

လှည်းကူးမှ ရင်ချင်းဆက်အမြွှာကလေးငယ်တွေကိုမြောက်ဥက္ကလာပပြည်သူ့ဆေးရုံ ကြီးမှာ ခွဲစိတ်မွေးဖွားပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ လ...

လှည်းကူးမှ ရင်ချင်းဆက်အမြွှာကလေးငယ်တွေကိုမြောက်ဥက္ကလာပပြည်သူ့ဆေးရုံ ကြီးမှာ ခွဲစိတ်မွေးဖွားပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်းကျေးရွာနေ ဒေါ်ပပလှိုင်၊ အသက် ၃၂ နှစ်ဟာ သားဦးအမြွှာကိုယ်ဝန်ဖြင့် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှာ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံယူခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်မှာ ရေမွှာပေါက်ခြင်း ကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့မှာ လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေး (၂)ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရင်ချင်းဆက်အမြွှာ ကလေးတွေကို လိုအပ်သော ဆေးကုသမှုများဆောင်ရွက် ရန်နှင့် ခွဲစိတ်ကုသမှု(Separation Surgery) ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို စီစဉ် ဆောင်ရွက်နိုင်ရန်အတွက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်ပြီး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း)တို့မှ ဘာသာရပ်ဆိုင်ရာပညာရှင်များ ပါဝင်သော ဆေးကုသရေး အဖွဲ့ကို ဖွဲ့စည်းပြီး ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကာ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

26