ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးခြင်းနှင့် လိုအပ်သည့် ခွဲစိတ်ကုသမှုများကို အခမဲ့ ဆောင်ရွက်ပေးရန် ဇူလိုင် ၉ ရက်မှ စတင်ကာ လူနာစာရင်းများ လက်ခံနေပြီ ဖြစ်သည်။ ဝေဒနာရှင်များအနေဖြင့် ဆေးရုံသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပြီး ခွဲစိတ်ကုသမည့် ရက်အတိအကျကို ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇူလိုင် ၁၀ ရက်တွင် (၁၈) ကြိမ်မြောက် အလှူ၌ ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာ ၅၀၀ ကျော်ကို တစ်လပြည့်အဖြစ် ဆရာဝန်ကြီးများက ပြန်လည်စစ်ဆေးပေးမည်ဖြစ်ပြီး၊ အဆိုပါဆေးရုံသည် ပထမအကြိမ်မှ (၁၈) ကြိမ်မြောက်အထိ ဝေဒနာရှင် ၂၂,၀၀၀ ကျော်ကို စမ်းသပ်ပေးခဲ့ကာ လူနာ ၇,၀၀၀ ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၉) ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် လူနာစာရင်းများ စတင်လက်ခံနေပြီဖြစ်
Jul 10 • 8:43 AM
Myanmar
Yangon
Share
| 17 | 0 | 0 | 0 |


