ကချင်ပြည်နယ်၊ မြစ်ကြီးနား-ကံပိုင်တည် ကုန်သွယ်ရေးလမ်းမပေါ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တို့၌ နှစ်ရက်ဆက်တိုက် မြေပြို၊ လမ်းပြိုမှုများ ဖြစ်ပွားခဲ့ပြီး ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍မရဘဲ ကုန်တင်ယာဉ်အများအပြား ပိတ်မိနေကြောင်း သိရသည်။ဇူလိုင်လ ၇ ရက်နေ့တွင် ဆဒုံးလမ်းပိုင်း၌ တောင်ပြိုကျမှုကြောင့် လမ်းပိတ်သွားခဲ့ပြီး၊ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင်လည်း ကံပိုင်တည်မြို့အဝင် (ကံပိုင်တည်နှင့် ဘာတွန်ကျေးရွာကြား) လမ်းပိုင်းတွင် ထပ်မံပြိုကျခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လူများသာ လမ်းလျှောက်ဖြတ်သန်းနိုင်ပြီး ဆိုင်ကယ်များပင် သွားလာ၍ မရတော့ဘဲ လမ်းပိုင်းတစ်ခုလုံး ပိတ်မိနေသည်။ ယာဉ်မောင်းများ၏ ခန့်မှန်းချက်အရ ဆဒုံးလမ်းချဲ့နေသည့်နေရာမှာ အဆိုးရွားဆုံးဖြစ်ပြီး၊ ဒေသတွင်းရှိ ဘက်ဖိုးမြေတူးကားများနှင့် ကျောက်ထုတ်လုပ်ငန်းခွင်သုံး စက်ယန္တရားများဖြင့် နေ့ညမပြတ် အပူတပြင်း ရှင်းလင်းမည်ဆိုပါက လမ်းပြန်ပွင့်ရန် အနည်းဆုံး ၂ ရက်မှ ၃ ရက်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။ဒေသခံများ၏ ပြောပြချက်အရ အဆိုပါလမ်းပိုင်းတွင် ကျောက်ထုတ်လုပ်ငန်းများမှ မြေစာပုံနှင့် ကျောက်ပုံများ စုပုံထားခြင်း၊ မိုးရွာသွန်းမှုကြောင့် မြေသားစိုစွတ်ကာ မတည်ငြိမ်ခြင်းတို့ကြောင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။လမ်းပိတ်နေမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ယာယီရပ်နားထားရပြီး ကုန်တင်ယာဉ်များမှာ လမ်းရှင်းလင်းရေးပြီးစီးသည်အထိ စောင့်ဆိုင်းနေရသည်
ကချင်ပြည်နယ်၌ မိုးဆက်တိုက်ရွာသဖြင့် မြစ်ကြီးနား-ကံပိုင်တည်လမ်းတွင် ၂ ရက်ဆက် မြေပြိုကာ ကုန်တင်ယာဉ်များ ပိတ်မိနေ
Jul 10 • 6:56 AM
Myanmar
Kachin
Share
| 15 | 0 | 0 | 0 |


