back

ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်ရှိ သနပ်ဖက်စိုက်တောင်သူများ နေ့စားငှားရမ်းခ ဈေးကြီးလာသည့်အတွက် အခက်ကြုံနေရ

Jul 08 • 3:51 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်ရှိ သနပ်ဖက်စိုက်တောင်သူများ နေ့စားငှားရမ်းခ ဈေးကြီးလာသည့်အတွက် အခက်ကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည့် သနပ်ဖက်စိုက်ပျိုးရေးလုပ်ငန်း၌ စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးနှုန်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည့် သနပ်ဖက်စိုက်ပျိုးရေးလုပ်ငန်း၌ စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ နေ့စားငှားရမ်းခများ ဈေးကြီးလာသဖြင့် တောင်သူများ ငွေကြေးအခက်အခဲ ဖြစ်ပွားနေသည်။ ယခင်က နေ့စားခ တစ်ရက်လျှင် ကျပ် ၁ သောင်းခွဲခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၂ သောင်းအထိ ပေးနေရသည့်တိုင် ဒေသခံအများစု ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြသဖြင့် လုပ်သားရှာဖွေရန် ခက်ခဲလျက်ရှိသည်။ထို့ပြင် ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်ကာ မိုးရွာသွန်းမှု မမှန်ခြင်းကြောင့် ပိုးသတ်ဆေးဖျန်းသည့်အချိန်တိုင်း မိုးရွာသဖြင့် ဆေးအာနိသင်မရှိဘဲ ဆေးဖိုးကုန်ကျစရိတ်များ ပိုမိုများပြားနေသည်။ သနပ်ဖက်စိုက်တောင်သူအချို့မှာ လုပ်ငန်းလုပ်ကိုင်ရန် အရင်းအနှီးမရှိသဖြင့် ပွဲစားများထံမှ ဓာတ်မြေဩဇာနှင့် ဆေးဝါးများကို ကြိုတင်ယူငှားထားရပြီး သနပ်ဖက်လှော်ပြီးမှသာ ပြန်လည်ပေးချေရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

news-view-count-icon

12