back

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးရှေ့တွင် Wifi ကြိုးများ မီးလောင်မှုဖြစ်ပွား

Jul 08 • 1:38 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံးရှေ့တွင် Wifi ကြိုးများ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈) ရပ်ကွက်၊ ဝန်ကြီးများရုံးရှေ့တွင် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၁၉ နာရီ ၂၂ မိနစ်အချိန်ခန့်က Wifi ကြိုးများ မီးလောင်မှုဖြစ်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈) ရပ်ကွက်၊ ဝန်ကြီးများရုံးရှေ့တွင် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၁၉ နာရီ ၂၂ မိနစ်အချိန်ခန့်က Wifi ကြိုးများ မီးလောင်မှုဖြစ်ပွားခဲ့သည်။အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃) စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ ၁၉ နာရီ ၂၆ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သည်။

news-view-count-icon

29