back

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိ

Jul 07 • 3:09 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် KG တန်းတက်နေသည့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို လူမဆန်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ရွှေနားကပ် လ...

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် KG တန်းတက်နေသည့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်ကို လူမဆန်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ရွှေနားကပ် လုယက်ထွက်ပြေးသွားသည့် တရားခံအား ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ နတ်တလင်းမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက အသက် ၅ နှစ်အရွယ် ကလေးငယ် မသော်တာစိုင်းသည် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် ညပိုင်းတွင် ကျေးရွာပြင်ပတစ်နေရာ၌ စောင်ဖြင့်ပတ်လျက် အဓမ္မပြုကျင့်ကာ ရင်ဘတ်တွင် အညိုမဲစွဲဒဏ်ရာများ၊ နားကပ်ဆွဲဖြုတ်ခံရသဖြင့် ပြတ်လုနီးပါးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တရားခံအား နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်းကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ထားကာ သက်ဆိုင်ရာရဲစခန်းချင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများကလည်း ၎င်းတရားခံကို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

news-view-count-icon

20