ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ည ၉ နာရီ ၅ မိနစ်အချိန်ခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (အထကခွဲ) ငဖြူကလေး စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုဖြစ်ပွားရာနေရာသို့ သာယာဝတီမြို့နယ်မီးသတ်စခန်း၊ ငဖြူကလေးနယ်မြေမီးသတ်စခန်းနှင့် သုံးဆယ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ချက်ချင်းသွားရောက်ကာ ပြိုလဲပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ တက်ကြွစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးဒုက္ခများ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် ၁၉၁ အပြင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့၏ ကွပ်ကဲမှုဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးမှုဖြစ်ပွား
Jul 06 • 2:48 AM
Myanmar
Bago
Share
| 9 | 0 | 0 | 0 |


