back

မန္တလေးကလေးဆေးရုံကြီး၌ ကလေးလူနာများအတွက် အဆင့်မြင့် ၈ ထပ် ကုသဆောင်သစ် ဖွင့်လှစ်

Jul 05 • 9:14 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးကလေးဆေးရုံကြီး၌ ကလေးလူနာများအတွက် အဆင့်မြင့် ၈ ထပ် ကုသဆောင်သစ် ဖွင့်လှစ်

မန္တလေးနှင့် အထက်မြန်မာပြည်ရှိ ကလေးလူနာများအတွက် ပိုမိုပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ခုတင် ၅၅၀ ဆံ့ မန္တလေးကလေးဆေးရုံကြ...

မန္တလေးနှင့် အထက်မြန်မာပြည်ရှိ ကလေးလူနာများအတွက် ပိုမိုပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ခုတင် ၅၅၀ ဆံ့ မန္တလေးကလေးဆေးရုံကြီး၏ အဆင့်မြင့် ၈ ထပ် ကလေးကုသဆောင်သစ်ကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ ကုသဆောင်သစ်၏ မြေညီထပ်တွင် အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာနများကို ထည့်သွင်းဖွဲ့စည်းထားပြီး အထက်ထပ်များတွင် ခေတ်မီခွဲစိတ်ခန်းများ၊ ကလေးကုသဆောင်များနှင့် သင်ကြားရေးစာသင်ခန်းများကို စနစ်တကျ တည်ဆောက်ထားကြောင်း သိရသည်။

news-view-count-icon

10