မွန်ပြည်နယ်အတွင်းရှိ MSME (အသေးစား၊ အလတ်စား စီးပွားရေး) လုပ်ငန်းများအတွက် ဒေသတွင်း အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတများနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ကြမ်းများကို အသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိကထား တွန်းအားပေးဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မှာကြားလိုက်ကြောင်း သိရသည်။ ဇူလိုင်လ ၃ ရက် ညနေပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး၊ တိုင်းပြည်သာယာဝပြောရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲတို့၏ လမ်းညွှန်ချက်များကို ကဏ္ဍအလိုက် အရှိန်အဟုန်မပြတ် ဆက်စပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME ကုန်ထုတ်လုပ်မှုကို အဓိကတွန်းအားပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ် မှာကြား
Jul 05 • 8:41 AM
Myanmar
Mon
Share
| 12 | 0 | 0 | 0 |


