back

ထိုင်းတွင် ရိုဟင်ဂျာရွှေ့ပြောင်းလုပ်သားများကို တရားမဝင် တောင်ပေါ်သားကတ် (သုညကတ်) ပြုလုပ်ပေးသည့် အရာရှိဟောင်းများအပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

Jul 04 • 12:16 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ရိုဟင်ဂျာရွှေ့ပြောင်းလုပ်သားများကို တရားမဝင် တောင်ပေါ်သားကတ် (သုညကတ်) ပြုလုပ်ပေးသည့် အရာရှိဟောင်းများအပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာရွှေ့ပြောင်းနေထိုင်သူများအား "သုည" ဖြင့်စသည့် တောင်ပေါ်သားအထောက်အထားကတ်ပ...

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာရွှေ့ပြောင်းနေထိုင်သူများအား "သုည" ဖြင့်စသည့် တောင်ပေါ်သားအထောက်အထားကတ်ပြား (တရားဝင်ရပ်တည်ခွင့်ကတ်) များ မတရားရယူပေးနေသည့် ကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်များက ဇူလိုင်လ ၄ ရက်တွင် ဝင်ရောက်နှိမ်နင်းရာ အဆင့်မြင့်ခရိုင်အရာရှိဟောင်းတစ်ဦး အပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ကွန်ရက်သည် ရိုဟင်ဂျာလုပ်သားတစ်ဦးလျှင် ဘတ် ၅၀,၀၀၀ အထိ တောင်းခံကာ အိမ်ပိုင်ရှင်များကို လာဘ်ထိုးခြင်း၊ အစိုးရဝန်ထမ်းများနှင့် ပူးပေါင်း၍ အထောက်အထားအတု ပြုလုပ်ခြင်းတို့ဖြင့် လူပေါင်း ၂၄၀ ခန့်ကို တရားမဝင် ကတ်ပြားများ ထုတ်ပေးခဲ့ပြီး အနည်းဆုံး ဘတ် ၁၅ သန်းခန့် လည်ပတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် ပတ်သက်ဆက်နွှယ်နေသည့် အရာရှိများကို ရာထူးမှ ထုတ်ပယ်ကာ တရားမဝင် ထုတ်ပေးထားသည့် ကတ်ပြားများကို ပယ်ဖျက်ရန် စီစဉ်နေပြီး၊ ကျန်ရှိနေသည့် သံသယရှိသူများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ဖမ်းဆီးနိုင်ရေးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ပိုင်ဆိုင်မှုများ သိမ်းဆည်းနိုင်ရေး ထိုင်းရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

21