ဂျာမနီနဲ့ ပိုလန်ရဲတပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံကနေ သယ်ဆောင်လာတဲ့ ကာလပေါက်ဈေး ယူရို ၁၂ သန်း (ဘတ် ၄၅၆ သန်းကျော်) တန်ဖိုးရှိတဲ့ ဆေးခြောက် ၁.၂ တန်နီးပါးကို ဖ-မ်းဆီးရမိခဲ့ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ခုကို နှိမ်နင်းနိုင်ခဲ့ပါတယ်။ အဲဒီဆေးခြောက်တွေကို အုတ်ခဲတွေ တင်ဆောင်ထားတဲ့ ကုန်သေတ္တာတွေထဲမှာ ဝှက်ထားတာဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ လမ်းကြောင်းကတော့ ထိုင်းနိုင်ငံကနေ စတင်ကာ ဂျာမနီနိုင်ငံ ဟမ်းဘတ်ဆိပ်ကမ်းကို ဖြတ်သန်းပြီး ပိုလန်နိုင်ငံမှာ အဆုံးသတ်တာ ဖြစ်ပါတယ်။နိုင်ငံဖြတ်ကျော် မူးယစ်မှောင်ခိုအဖွဲ့တွေဟာ တရားဝင် ကုန်သွယ်မှုပြုလုပ်တဲ့ ကုန်စည်တွေကို အကာအကွယ်ယူပြီး အခုလို ဆေးခြောက်အမြောက်အမြားကို သယ်ယူပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ဖ-မ်းဆီးရမိထားတဲ့ သံသယရှိသူ ၈ ဦးထဲက ၆ ဦးကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံတကာ ပူးပေါင်းစုံစမ်းစ-စ်ဆေးမှုတွေကနေတစ်ဆင့် အဲဒီမူးယစ်ဂိုဏ်းရဲ့ နောက်ကွယ်က တခြားပူးပေါင်းပါဝင်သူတွေကိုပါ ဖော်ထုတ်နိုင်ဖို့ ဆက်လက် စုံစမ်းစ-စ်ဆေးနေပါတယ်။နောက်ထပ် ဆေးခြောက် အမှုတစ်ခုကတော့ ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ဖူးခက်မြို့တွေကနေ လာတဲ့ ခရီးသည် နှစ်ယောက်ဆီကနေ ဟောင်ကောင်ဒေါ်လာ ၄ သန်း (ခန့်မှန်းခြေ ထိုင်းဘတ် ၁၇ သန်း) တန်ဖိုးရှိတဲ့ တရားမဝင် ဆေးခြောက် ၂၃ ကီလိုဂရမ်လောက်ကို ဟောင်ကောင် အကောက်ခွန်အရာရှိတွေက ဖ-မ်းဆီးရမိခဲ့ပါတယ်။ ပထမ သံသယရှိသူကတော့ ဂျာကာတာမြို့မှာ လေယာဉ်လွှဲပြောင်းစီးနင်းပြီး ဘန်ကောက်ကနေ လာတဲ့ အသက် ၃၈ နှစ်အရွယ် တရုတ်အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ထဲကနေ ဆေးခြောက် ၁၃ ကီလိုဂရမ်လောက်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ နောက်ထပ် သံသယရှိသူကတော့ ဖူးခက်ကနေ ရောက်လာတဲ့ အသက် ၃၃ နှစ်အရွယ် ဟောင်ကောင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာတော့ ဆေးခြောက် ၁၀ ကီလိုဂရမ်လောက် တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီလူနှစ်ယောက်စလုံးကို ဖ-မ်းဆီးပြီး စုံစမ်းစ-စ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။



