အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-မုံရွာ လေကြောင်းခရီးစဉ်အသစ်အား လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့တို့တွင် တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ ပြည်တွင်းခရီးစဉ် ၁၆ မြို့နှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် ပြည်ပခရီးစဉ် ၂၂ မြို့သို့ ပျံသန်းပြေးဆွဲပေးနေသည့် MAI လေကြောင်း လိုင်း၏ ခရီးစဉ်အသေးစိတ်ကို အိတ်စပရက်စ်ဖုန်းလိုင်း ၉၇၈၇ သို့မဟုတ် သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်များထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


