back

KBZ Foundation က ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရကျောင်းသူ မနီနီကျော်အား ငွေကျပ်သိန်း ၁,၀၀၀ ပံ့ပိုးကူညီ

Jul 03 • 8:56 AM

breaking-news

Myanmar

Yangon

cover

KBZ Foundation က ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရကျောင်းသူ မနီနီကျော်အား ငွေကျပ်သိန်း ၁,၀၀၀ ပံ့ပိုးကူညီ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့သော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ မနီနီကျော်၏ ပညာရေးခရီး ဆက်လက်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့သော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ မနီနီကျော်၏ ပညာရေးခရီး ဆက်လက်လျှောက်လှမ်းနိုင်ရန်နှင့် အနာဂတ်ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် KBZ Foundation က ငွေကျပ်သိန်း ၁,၀၀၀ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှ မဆုတ်မနစ် ကြိုးစားအားထုတ်ကာ ထူးချွန်စွာ အောင်မြင်ခဲ့သည့် မနီနီကျော်၏ ဇွဲလုံ့လသည် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် အားကျအတုယူဖွယ် စံနမူနာတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုဖော်ပြခဲ့ပြီး၊ ၎င်းအနေဖြင့် ယခုထက်ပိုမိုသော အောင်မြင်မှုများ ဆက်လက်ရရှိကာ နိုင်ငံနှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်သူတစ်ဦး ဖြစ်လာပါစေကြောင်း KBZ Foundation က ဆုမွန်တောင်းခဲ့သည်။

news-view-count-icon

15