back

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိုလံပစ်အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကာကွယ်ရန် နားနေစခန်းအသစ်တစ်ခု ဖွင့်လှစ်

Jul 03 • 6:37 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိုလံပစ်အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကာကွယ်ရန် နားနေစခန်းအသစ်တစ်ခု ဖွင့်လှစ်

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရသည် အိုလံပစ်အဝေးပြေးလမ်းမကြီး (Olympic Expressway) ပေါ်တွင် ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ငိုက်မျဉ်းမောင်...

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရသည် အိုလံပစ်အဝေးပြေးလမ်းမကြီး (Olympic Expressway) ပေါ်တွင် ယာဉ်မောင်းများ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ငိုက်မျဉ်းမောင်းနှင်ခြင်းကြောင့်ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများကို လျှော့ချနိုင်ရန်အတွက် မြို့တော်၏ ပထမဆုံး ရှုခင်းကြည့်နားနေစခန်းအသစ် (Observatory-style Rest Area) တစ်ခုကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မိတ်ဆက် ဖွင့်လှစ်လိုက်သည်။အဆိုပါနားနေစခန်းကို အရှေ့ပိုင်းဆိုးလ်မြို့ရှိ အိုလံပစ်တံတား (Olympic Bridge) တောင်ဘက်အစွန်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ယာဉ်ရပ်နားရန်နေရာ ၂၇ ခု၊ ၂၄ နာရီပတ်လုံး လေအေးပေးစက်ဖွင့်လှစ်ထားသည့် အနားယူဆောင်နှင့် ခေတ်မှီသန့်စင်ခန်းများ ပါဝင်သည့်အပြင် ဟန်မြစ် (Han River) ၏ နေဝင်ဆည်းဆာအလှကို ခံစားကြည့်ရှုနိုင်မည့် လမ်းလျှောက်လမ်းပါ ထည့်သွင်းတည်ဆောက်ထားသည်။မြို့တော်အာဏာပိုင်များ၏ အဆိုအရ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း အဆိုပါမြစ်ကမ်းနားလမ်းမကြီးပေါ်တွင် ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ကာ၊ အဆိုပါနားနေစခန်း၏ အသုံးပြုမှုအချက်အလက်များကို စောင့်ကြည့်ဆန်းစစ်ပြီးနောက် အခြားအဝေးပြေးလမ်းမကြီးများတွင်လည်း ဆည်းဆာကြည့်နားနေစခန်းကွန်ရက်များကို ထပ်မံတိုးချဲ့တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

8