back

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ထူးချွန်ကျောင်းသူ ၂ ဦးအား ဂုဏ်ပြုချီးမြှင့်

Jul 01 • 9:16 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ထူးချွန်ကျောင်းသူ ၂ ဦးအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မအေးချမ်းပြည့်နှင့် ...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မအေးချမ်းပြည့်နှင့် မနီနီကျော်တို့အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဇွန်လ ၃၀ ရက်တွင် တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဂုဏ်ပြုရာတွင် ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများနှင့် အလှူရှင်များကလည်း ပူးပေါင်းချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ကျောင်းသူ ၂ ဦးအနက် မနီနီကျော်သည် အ.ထ.က (၁၄) လှိုင်သာယာမှ သိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမရရှိကာ ထူးချွန်စွာ အောင်မြင်ခဲ့သူဖြစ်ပြီး၊ မအေးချမ်းပြည့်သည်လည်း အ.ထ.က (၄) လှိုင်သာယာမှ ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ထူးချွန်ကျောင်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13