back

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးနှုန်း ပြန်လည်ဦးမော့လာပြီး ပဲစဉ်းငုံနီဈေး ဆက်လက်ကျဆင်း

Jul 01 • 1:50 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးနှုန်း ပြန်လည်ဦးမော့လာပြီး ပဲစဉ်းငုံနီဈေး ဆက်လက်ကျဆင်း

ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ သီးနှံဈေးနှုန်းထုတ်ပြန်ချက်အရ မတ်ပဲ (၂၀၂၆ သီးနှံ) FAQ/RC မှာ တစ်တန်လျှင် ၃,၂၁၅,၀၀၀ ကျပ်၊ SQ/RC မှာ တစ်တန်လျှင် ၃...

ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ သီးနှံဈေးနှုန်းထုတ်ပြန်ချက်အရ မတ်ပဲ (၂၀၂၆ သီးနှံ) FAQ/RC မှာ တစ်တန်လျှင် ၃,၂၁၅,၀၀၀ ကျပ်၊ SQ/RC မှာ တစ်တန်လျှင် ၃,၅၃၅,၀၀၀ ကျပ် ဖြစ်ပြီး ပဲစဉ်းငုံနီ (၂၀၂၆ သီးနှံ) Red/RC မှာ တစ်တန်လျှင် ၃,၀၈၂,၀၀၀ ကျပ် ဖြစ်သည်။ မနေ့ကဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မတ်ပဲဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာသော်လည်း ပဲစဉ်းငုံနီမှာမူ ဈေးနှုန်းထပ်မံကျဆင်းသွားခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် မတ်ပဲ Raw သုံးတင်းဈေးကို ၃၁၂,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် စတင်ဖွင့်လှစ်ခဲ့သောကြောင့် မနေ့ကအဖွင့်ဈေး ၃၁၃,၀၀၀ ကျပ်အောက်သို့ အနည်းငယ်လျော့နည်းခဲ့သော်လည်း နောက်ပိုင်းတွင် ၃၁၃,၀၀၀ ကျပ်ဈေးတန်းသို့ ပြန်လည်မြင့်တက်ကာ အားကောင်းလာခဲ့သည်။ ဤရက်ပိုင်းအတွင်း မတ်ပဲဈေးကွက်မှာ ၃၁၃,၀၀၀ ကျပ်ပတ်ဝန်းကျင်၌သာ အတက်အကျပါးပါးဖြင့် တည်ငြိမ်ဝေ့လည်နေပြီး၊ ရှေ့ဆက်၍ ဈေးနှုန်းထပ်မံမြင့်တက်ရန်အတွက် ယခင်က ရောက်ရှိခဲ့ဖူးသည့် အမြင့်ဆုံးဈေးတန်းဖြစ်သော ၃၁၅,၀၀၀ ကျပ်ကို ကျော်ဖြတ်နိုင်ရန် လိုအပ်ကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်ထားသည်။

news-view-count-icon

17