၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် Fitness Dance လှုပ်ရှားမှုနှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲကို ဇွန်လ ၂၉ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကာသိပ္ပံအသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အမျိုးသမီးအားကစားအဖွဲ့အား ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်ကလည်းကောင်း၊ တတိယဆုရရှိသည့် သားဖွားသင်တန်းကျောင်းအသင်းအား ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးတို့ကလည်းကောင်း ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Fitness Dance လှုပ်ရှားမှုနှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ မော်လမြိုင်မြို့တွင် ကျင်းပ
Jun 30 • 8:50 AM
Myanmar
Mon
Share
| 17 | 0 | 0 | 0 |


