back

ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် အတန်းကျော်တက်ရောက်ခွင့်ပြုသည့် မသမာမှုများရှိနေ

Jun 30 • 8:48 AM

breaking-news

Myanmar

Local

cover

ကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် အတန်းကျော်တက်ရောက်ခွင့်ပြုသည့် မသမာမှုများရှိနေ

တိုင်းဒေသကြီးအချို့ရှိ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် Grade-10 အောင်မြင်ပြီးနောက် Grade-11 ကို ဆက်မတက်ဘဲ အတန်းကျော်ကာ Grade-12 ကို တက်ရောက်ခွင့်ပြု...

တိုင်းဒေသကြီးအချို့ရှိ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းအချို့တွင် Grade-10 အောင်မြင်ပြီးနောက် Grade-11 ကို ဆက်မတက်ဘဲ အတန်းကျော်ကာ Grade-12 ကို တက်ရောက်ခွင့်ပြုသည့် မသမာမှုများ ရှိနေကြောင်း ကျောင်းသားမိဘများနှင့် ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ယင်းသို့ ကိုယ်ပိုင်ကျောင်းများက ပညာရေးကို ခုတုံးလုပ်ကာ Grade-11 စာကို စတိမျှသာသင်၍ Grade-12 စာကို အကြိမ်ကြိမ် လေ့ကျင့်ပေးခြင်းဖြင့် စာမေးပွဲအောင်မြင်အောင် ပြုလုပ်ပေးနေခြင်းကြောင့် ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထွက်ရှိမှုနောက်ကျကာ စိစစ်ခဲ့ရကြောင်း သတင်းများထွက်ပေါ်နေပြီး၊ အခြေခံမပါဘဲ အပေါ်ယံအောင်မြင်မှုသာဖြစ်၍ ငွေကြေးချို့တဲ့သည့် ကလေးများအတွက် တန်းတူအခွင့်အရေး မရရှိသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် အစိုးရကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည်လည်း Grade-10 အောင်ပြီးသည်နှင့် Grade-11 မတက်လိုတော့ဘဲ ပုဂ္ဂလိကကျောင်းများသို့ ပြောင်းရွှေ့ရန် ကျောင်းထွက်နှုန်း တစ်နှစ်ထက်တစ်နှစ် ပိုများလာသဖြင့် ပညာရေးစနစ် ယိုယွင်းမှုကို ပြသနေကာ တာဝန်ရှိသူများအနေဖြင့် အသေအချာ စိစစ်သင့်ကြောင်း တိုက်တွန်းနေကြပြီး၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

28