တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) နှင့် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက် (SPS Protocol) လက်မှတ်ရေးထိုးရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရသည်။ ဇွန်လဒုတိယပတ်အတွင်း သွားရောက်ခဲ့သည့် ယူနန်ပြည်နယ် စီးပွားရေးခရီးစဉ်၌ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ GACC မှ သတ်မှတ်ထားသည့် ပိုးမွှား ၆ မျိုး စစ်ဆေးအတည်ပြုပြီးပါက လာမည့်အောက်တိုဘာလအတွင်း တရားဝင် စတင်တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။ ထို့ပြင် တရုတ်ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ၌ နိုင်ငံတကာစံနှုန်းမီ ထုတ်ပိုးစက်ရုံများ (Packing Houses) တည်ဆောက်ရန် စိတ်ဝင်စားလျက်ရှိရာ၊ စိုက်ပျိုးသူများအနေဖြင့် GACC စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနကလည်း လိုအပ်သည့် နည်းပညာပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
တရုတ်သို့ မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရရေး SPS Protocol လက်မှတ်ရေးထိုးရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိ
Jun 30 • 8:19 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


