ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှုကြောင့် ပြင်သစ်နိုင်ငံတွင် အပူဒဏ်ခံစားရပြီး သေဆုံးသူအရေအတွက် ၁,၀၀0 ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး လက်ရှိရရှိထားသည့် ကိန်းဂဏန်းမှာ ကနဦးစာရင်းသာဖြစ်၍ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများနှင့် နေအိမ်များမှ အချက်အလက်များ ထပ်မံရရှိပါက အရေအတွက် ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ အဆိုပါစံချိန်တင်အပူချိန်များကြောင့် လူသေဆုံးမှုများအပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် အခြေခံအဆောက်အအုံများပါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
Jun 29 • 7:57 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


