back

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် မြန်မာဖိုက်တာ မြလုံးချောနှင့် ချစ်ရဲသွေးတို့ ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အရေးနိမ့်

Jun 28 • 11:53 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် မြန်မာဖိုက်တာ မြလုံးချောနှင့် ချစ်ရဲသွေးတို့ ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အရေးနိမ့်

ဇွန်လ ၂၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ကွင်းအသီးသီး၌ ကျင်းပခဲ့သည့် ခွန်ခမာ (Kun Khmer) ပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်ကြသည့် မြ...

ဇွန်လ ၂၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ကွင်းအသီးသီး၌ ကျင်းပခဲ့သည့် ခွန်ခမာ (Kun Khmer) ပြိုင်ပွဲများတွင် မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်ကြသည့် မြလုံးချောနှင့် ချစ်ရဲသွေးတို့ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နှစ်ဦးစလုံး ပထမအချီ၌ပင် ဒိုင်ပွဲရပ် (TKO) များဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ Ganzberg Kun Khmer Kombat ပြိုင်ပွဲ၏ ၅၃ ကီလိုတန်းတွင် ဝင်ရောက်ထိုးသတ်ခဲ့သည့် မြလုံးချောသည် ကမ္ဘောဒီးယားဖိုက်တာ ပစ်ဆင်ဟတ်၏ တရစပ်လက်သီးတွဲလုံးများနှင့် ပင့်လက်သီးချက်ကြောင့် ပထမအချီပြီးခါနီးတွင် အရုပ်ကြိုးပျက်လဲကျကာ ရှုံးနိမ့်ခဲ့ရပြီး ယခင်ပွဲစဉ် ၃ ပွဲဆက် နိုင်ပွဲရလဒ်ကောင်းကို လက်လွှတ်ခဲ့ရသည်။ အလားတူ Wurkz Kun Khmer Warriors ပြိုင်ပွဲ၏ ၅၅ ကီလိုတန်းတွင် ယှဉ်ပြိုင်ခဲ့သည့် ချစ်ရဲသွေးသည်လည်း ကမ္ဘောဒီးယားဖိုက်တာ ရစ်ဗီဘိုးနှင့် မာဂုဏ်ချင်းဆိုင်ထိုးခဲ့သော်လည်း ရစ်ဗီဘိုး၏ နံကြားကို အထိနာစေသည့် ချုပ်ဒူးတိုက်ချက်များကြောင့် မကြာခဏလဲကျခဲ့ရပြီး ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အရေးနိမ့်ခဲ့ရသည်။

news-view-count-icon

5