မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၇x၁၈ လမ်းနှင့် ၈၂x၈၃ လမ်းကြားတွင် ယနေ့ (ဇွန် ၂၈ ရက်) မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိရခြင်းတွင် အောင်မြေသာစံမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ ချက်ချင်းထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မီးကို ထိန်းနိုင်ခဲ့ပြီး၊ မွန်းလွဲ ၂ နာရီ ၄၇ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Jun 28 • 9:10 AM
Myanmar
Mandalay
Share
| 10 | 0 | 0 | 0 |


