၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ကပ်ထားကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စာစစ်ဌာန ၉ ခု၌ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၄,၅၅၃ ဦးအနက် ၂,၈၆၅ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ယင်းအောင်မြင်သူများထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၈၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၉၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၆၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၄၃၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂,၀၂၁ ဦး ပါဝင်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်တွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၅ ဦးအပါအဝင် ၂,၈၆၅ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်
Jun 28 • 9:08 AM
Myanmar
Mandalay
Share
| 20 | 0 | 0 | 0 |


