back

မြန်မာ့မီးရထားပေါ်၌ မှောင်ခိုပစ္စည်း၊ အခွန်ရှောင်ပစ္စည်းနှင့် ကုန်စည်များ သယ်ဆောင်ပါက ဥပဒေအရ အရေးယူမည်

Jun 28 • 8:51 AM

breaking-news

Myanmar

Local

cover

မြန်မာ့မီးရထားပေါ်၌ မှောင်ခိုပစ္စည်း၊ အခွန်ရှောင်ပစ္စည်းနှင့် ကုန်စည်များ သယ်ဆောင်ပါက ဥပဒေအရ အရေးယူမည်

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ခရီးစဉ်အသီးသီးရှိ လူစီးရထားတွဲများပေါ်တွင် တရားမဝင် မှောင်ခိုကုန်ပစ္စည်းများ၊ အခွန်ရှောင်ပစ္စည်းများနှင့် စီးပွားရေးအရ ရောင်းဝယ်မ...

မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ခရီးစဉ်အသီးသီးရှိ လူစီးရထားတွဲများပေါ်တွင် တရားမဝင် မှောင်ခိုကုန်ပစ္စည်းများ၊ အခွန်ရှောင်ပစ္စည်းများနှင့် စီးပွားရေးအရ ရောင်းဝယ်မည့် ကုန်စည်များ တင်ဆောင်ခြင်း ရှိ၊ မရှိကို တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး၊ စစ်ဆေးစဉ် တားမြစ်ကုန်ပစ္စည်းများ တွေ့ရှိပါက ပစ္စည်းများကို သိမ်းဆည်းကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။ ယခုကဲ့သို့ စီးပွားဖြစ်ကုန်စည်များ တင်ဆောင်မှုကို တားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့် ယခင်က ရထားလျှောက်လမ်းများနှင့် ထိုင်ခုံများတွင် ကုန်စည်များ ပြည့်နှက်နေတတ်သည့်အတွက် အခက်အခဲဖြစ်ရသော ခရီးသည်များအနေဖြင့် ပိုမိုလွတ်လပ်သပ်ရပ်စွာ သွားလာနိုင်တော့မည်ဖြစ်၍ ကြိုဆိုလျက်ရှိကြောင်း သိရသည်။

news-view-count-icon

36