back

ထိုင်းနိုင်ငံ၊ဖူးခက်မြို့တွင် “Phuket City Pride 2026” ရောင်စုံချီတက်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

Jun 28 • 8:45 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ဖူးခက်မြို့တွင် “Phuket City Pride 2026” ရောင်စုံချီတက်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၏ လမ်းမများပေါ်တွင် ဇွန်လ ၂၇ ရက်က “We are ONE – Together in Love” ဟူသော ဆောင်ပုဒ်ဖြင့် ကွဲပြားခြားနားမှု၊ တန်းတူညီမျှမှုနှင့် အားလုံးပ...

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၏ လမ်းမများပေါ်တွင် ဇွန်လ ၂၇ ရက်က “We are ONE – Together in Love” ဟူသော ဆောင်ပုဒ်ဖြင့် ကွဲပြားခြားနားမှု၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုတို့ကို ဂုဏ်ပြုသည့် “Phuket City Pride 2026” ရောင်စုံချီတက်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဖူးခက်မြို့အား ကမ္ဘာ့အဆင့်မီ ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်ခဲ့သည်။အဆိုပါ ချီတက်ပွဲတွင် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကဏ္ဍ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် LGBTQIAN+ ကွန်ရက်များမှ ပါဝင်သူ စုစုပေါင်း ၂,၀၀၀ ကျော်က အလှပြယာဉ်တန်း ၂၅ တန်းဖြင့် ဖူးခက်မြို့ဟောင်း (Phuket Old Town) ၏ သမိုင်းဝင်လမ်းမများအတိုင်း စီတန်းလှည့်လည်ခဲ့ကြပြီး၊ Chartered Bank လမ်းဆုံ၌ တရားဝင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ထို့ပြင် ယင်းသမိုင်းဝင်နယ်မြေအတွင်းရှိ လမ်းမများကို သက်တံရောင်များ ခြယ်သခြင်း၊ Pride အလံများ စိုက်ထူခြင်းအပြင် ‘Pride Bunny’ နှင့် ‘SMIFI’ ကဲ့သို့သော အထိမ်းအမှတ် ပြကွက်များကိုလည်း ထည့်သွင်းပြသထားကြောင်း သိရသည်။

news-view-count-icon

10