back

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု နေပြည်တော်၌ ကျင်းပ

Jun 28 • 8:31 AM

breaking-news

Myanmar

Naypyidaw

cover

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု နေပြည်တော်၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူထုလှ...

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူထုလှုပ်ရှားမှုအခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းလူထုလှုပ်ရှားမှုတွင် နေပြည်တော်ရှိ အသက် ၇ နှစ်မှ ၇၅ နှစ်အထိ စက်ဘီးစီးဝါသနာရှင်များ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း အင်အား ၅၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။

news-view-count-icon

5