နေပြည်တော်တွင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် လွိုင်လင်ခရိုင်အတွင်းရှိ ၆၆ ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသော ၆၆/၃၃ ကေဗွီ ဝမ်ကုန်း၊ လဲချား၊ မိုင်းကိုင်ဓာတ်အားခွဲရုံတို့ရှိ ဓာတ်အားလက်ခံစက်ပစ္စည်းများနှင့် ပါဝါထရန်စဖော်မာတို့ကြား ချိတ်ဆက်ထားသောပစ္စည်းများ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ဓာတ်အားထိန်းချုပ်ခန်း အတွင်းရှိ စက်ပစ္စည်းများကို လိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဇွန် ၂၇ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ်အတွင်း ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပိတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူအများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်ပါတယ် ။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၃၀ ကေဗွီ ဝါးတရာ - လှိုင်သာယာ၊ အနောက်ပိုင်းတက္ကသိုလ် - ရွာမနှင့် ရွာမ - လှိုင်သာယာ ဓာတ်အားလိုင်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းသွားမည်ဖြစ်သဖြင့် ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် ဝန်အားထိန်းညှိမှုများ ပြုလုပ်ရမည်ဖြစ်သောကြောင့် အချို့နေရာများတွင် ဓာတ်အားယာယီပြတ်တောက်နိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်သည်။



