ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ပတ္တရားကမ်းလွန် အပျော်စီးသင်္ဘောတစ်စင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ဦးသွင်ကိုကိုဦးသည် ဇွန်လ ၁၇ ရက်က သင်္ဘောပေါ်ရှိ မီးသီးများကို ဖြုတ်ချနေစဉ် လှိုင်းရိုက်ခတ်မှုကြောင့် လျှပ်စစ်မီးကြိုး ရေနှင့်ထိတွေ့ကာ ဓာတ်လိုက်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ၎င်းအား ပတ္တရားစီးတီးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပြီး လက်ရှိတွင် ဆေးရုံအထူးကြပ်မတ်ကုသဆောင် (ICU) ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံ၊ပတ္တရားကမ်းလွန် အပျော်စီးသင်္ဘောပေါ်၌ ဓာတ်လိုက်ကာ ပင်လယ်ထဲပြုတ်ကျခဲ့သည့် မြန်မာအလုပ်သမား ICU တွင် ကုသမှုခံယူနေရ
Jun 26 • 8:16 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


