back

မလေးရှား၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လာရောက်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရန်နှင့် ယာဉ်စည်းကမ်း လိုက်နာရန် မေတ္တာရပ်ခံ

Jun 25 • 3:10 AM

breaking-news

Malaysia

Local

cover

မလေးရှား၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လာရောက်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရန်နှင့် ယာဉ်စည်းကမ်း လိုက်နာရန် မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လာရောက်ဆောင်ရွက်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လာရောက်ဆောင်ရွက်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေရန်နှင့် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ကြရန် မြန်မာသံရုံးက ထုတ်ပြန်တိုက်တွန်းထားသည်။

မြန်မာသံရုံးတည်ရှိရာနေရာမှာ လူနေရပ်ကွက်အတွင်းဖြစ်သဖြင့် သံရုံးပတ်ဝန်းကျင်ရှိ နေအိမ်များရှေ့တွင် အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ဆူညံခြင်းနှင့် မော်တော်ယာဉ်များ စည်းကမ်းမဲ့ရပ်နားခြင်းတို့ကြောင့် ပတ်ဝန်းကျင်နေထိုင်သူများထံမှ တိုင်ကြားမှုများ အဆက်မပြတ်ရှိနေသည်။ သံရုံးဝန်းအတွင်းသို့ နံနက် ၆ နာရီမှစ၍ ဝင်ရောက်ခွင့်ပြုထားပြီး ကျန်းမာရေးမကောင်းသူများအတွက် ယာဉ်အဝင်အထွက် ညှိနှိုင်းခွင့်ပြုထားသော်လည်း လာရောက်စောင့်ဆိုင်းသည့် အခြားမော်တော်ယာဉ်များအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် အနီးနားရှိ အခပေးယာဉ်ရပ်နားစခန်းများကိုသာ အသုံးပြုကြရန် အသိပေးထားသည်။ထို့ပြင် Grab, inDrive နှင့် Bolt စသည့် အငှားယာဉ်များ ခေါ်ယူရာတွင်လည်း သံရုံးမျက်နှာချင်းဆိုင်ရှိ အိမ်ရာလိပ်စာများဖြင့် ခေါ်ယူခြင်းနှင့် အိမ်ရာဝင်းဝ၌ ကားရပ်နားခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။ မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး မိမိတို့နိုင်ငံ၏ ပုံရိပ်ကို ထိန်းသိမ်းကာ အဆိုပါစည်းကမ်းချက်များကို အချင်းချင်း ပြန်လည်အသိပေး ထိန်းသိမ်းပေးကြရန် သံရုံးက မေတ္တာရပ်ခံထားကြောင်း သိရသည်။

news-view-count-icon

5