ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်၏ အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများကို ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ DEMU ရထားအတွက် ပထမတန်း လက်မှတ်ခ ၁၆,၀၀၀ ကျပ်နှင့် အထက်တန်း လက်မှတ်ခ ၂၂,၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ Air Bag/AAR လူစီးအမြန်ရထားများအတွက် ရိုးရိုးတန်း ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်နှင့် အထက်တန်း ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်အထိ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ရထားလက်မှတ်များကို Online Railways Ticketing and Payment System (ORTP) စနစ်မှတစ်ဆင့် ခရီးစဉ်မတိုင်မီ ၇ ရက်ကြိုတင်၍ အွန်လိုင်းမှ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Jun 24 • 10:19 AM
Myanmar
Yangon
Share
| 34 | 0 | 0 | 0 |


