back

မလေးရှားတွင် စီမံချက်ဖြင့် နိုင်ငံခြားသားများဖမ်းဆီးမှုအတွင်း မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

Jun 24 • 7:59 AM

breaking-news

Malaysia

Local

cover

မလေးရှားတွင် စီမံချက်ဖြင့် နိုင်ငံခြားသားများဖမ်းဆီးမှုအတွင်း မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၌ ဇွန်လတတိယပတ်အတွင်း စီမံချက်ဖြင့် နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူများအနက် အများဆုံးဖြစ်သည့် မြန်မာနိုင်ငံသား ၁၃၂ ဦးအပါအဝင် နိုင်...

မလေးရှားနိုင်ငံ၌ ဇွန်လတတိယပတ်အတွင်း စီမံချက်ဖြင့် နိုင်ငံခြားသားများကို ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူများအနက် အများဆုံးဖြစ်သည့် မြန်မာနိုင်ငံသား ၁၃၂ ဦးအပါအဝင် နိုင်ငံစုံမှ နိုင်ငံခြားသားများကို အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ဂိတ်များမှတစ်ဆင့် မူလနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများအားလုံးကို အမည်ပျက် (Blacklist) သွင်းလိုက်ပြီး သတ်မှတ်ကာလအတွင်း မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

news-view-count-icon

10