back

ထိုင်းနိုင်ငံ၊ချွန်ဘူလီခရိုင်ရှိ လျှပ်စစ်အကင်အိုးစက်ရုံမှ မြန်မာအလုပ်သမား ၁၃၀ ကျော် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ရပ်နားခံရ

Jun 24 • 7:57 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ချွန်ဘူလီခရိုင်ရှိ လျှပ်စစ်အကင်အိုးစက်ရုံမှ မြန်မာအလုပ်သမား ၁၃၀ ကျော် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ရပ်နားခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ စီလာချာမြို့နယ်ရှိ လျှပ်စစ်အကင်အိုးစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် သက်တမ်း ၄ လမှ ၁၁ လအထိရှိပြီဖြစ်သော မြန်မာအလုပ်သမား ၁၃၄ ဦး (အမ...

ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင်၊ စီလာချာမြို့နယ်ရှိ လျှပ်စစ်အကင်အိုးစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် သက်တမ်း ၄ လမှ ၁၁ လအထိရှိပြီဖြစ်သော မြန်မာအလုပ်သမား ၁၃၄ ဦး (အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၄၇ ဦး) သည် လူလျှော့မည်ဟူသောအကြောင်းပြချက်ဖြင့် ဇွန်လ ၂၂ ရက်မှစတင်ကာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ရပ်နားခြင်း ခံခဲ့ရသည်။ ထိုသို့ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် စာရွက်စာတမ်းကိစ္စများနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ နစ်နာကြေးများ ပြန်လည်ရရှိနိုင်ရန်အတွက် အဆိုပါမြန်မာအလုပ်သမားများသည် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်ကာ အကူအညီတောင်းခံထားကြောင်း သိရသည်။

news-view-count-icon

6