ဇွန်လဆန်းပိုင်းမှစတင်၍ ဈေးကျဆင်းနေခဲ့သည့် ပြည်ပပို့ကုန်ပဲများဖြစ်သော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းအပါအဝင် ပြည်တွင်းသုံးပဲမာလိုင်းအချို့၏ ဈေးနှုန်းများသည် ဇွန်လ ၂၀ ရက်တွင် အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ်တစ်သောင်းခန့် ပြန်လည်မြင့်တက်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ဇွန်လ ၂၀ ရက် ပေါက်ဈေးများအရ ပဲစင်းငုံတစ်အိတ်လျှင် ကျပ် ၂၉၅,၀၀၀၊ မတ်ပဲတစ်အိတ်လျှင် ကျပ် ၂၉၀,၀၀၀ နှင့် ပဲတီစိမ်း (အညာ) တစ်အိတ်လျှင် ကျပ် ၂၆၀,၀၀၀ သို့ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု၏ ဈေးနှုန်းများမှာမူ အနည်းငယ် ပြန်လည်ကျဆင်းနေကြောင်း သိရသည်။
Jun 24 • 7:55 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


