back

ရှမ်းပြည်နယ်၊အင်းလေးဒေသတွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေ

Jun 24 • 3:30 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊အင်းလေးဒေသတွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဇွန်လဒုတိယပတ်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး သောက်သုံးရေရှား...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဇွန်လဒုတိယပတ်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး သောက်သုံးရေရှားပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးခြင်းစသည့် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း ဇွန်လ ၂၃ ရက်တွင် ဒေသခံများထံမှ သိရသည်။

တောင်ကြီး၊ ကလောနှင့် ညောင်ရွှေဒေသများမှ စီးဆင်းလာသည့် တောင်ကျရေများနှင့်အတူ အညစ်အကြေးများ အင်းလေးကန်အတွင်းသို့ စီးဝင်လာခြင်းကြောင့် ကန်ရေများ ညစ်ညမ်းကာ သောက်သုံး၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် နှစ်စဉ် မိုးကြီးသည့်အခါ ဒေသတွင်းရှိ ရေတွင်းများနှင့် ရေသန့်စက်များ ပျက်စီးဆုံးရှုံးလေ့ရှိပြီး၊ ရေသန့်စက်မပျက်စီးသည့် နေရာများတွင်လည်း ရေပြင်ကျယ်ကြီး တက်လာမှုကြောင့် ရေသွားရောက်ခပ်ယူရန် လွန်စွာခက်ခဲနေသဖြင့် သောက်သုံးရေ လုံလောက်မှု မရှိဘဲ ပြတ်လပ်လျက်ရှိသည်။မိုးကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ လူမှုရေး၊ သာရေး၊ နာရေးကိစ္စများအတွက် သွားလာရ ခက်ခဲနေသည့်အပြင် ဒေသတွင်း အဓိကစိုက်ပျိုးထားသည့် စပါး၊ မြေပဲနှင့် တွန်းတင်စိုက်ခရမ်းချဉ်သီးခင်းများပါ ရေနစ်မြုပ်ပျက်စီး ဆုံးရှုံးနေရသဖြင့် တောင်သူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ လက်ရှိတွင် မိုးဆက်တိုက်ရွာသွန်းမှု၊ မြေပြင်အနေအထား ပြောင်းလဲမှုနှင့် နှုန်းမြေများ ပိတ်ဆို့မှုတို့ကြောင့် အင်းရေမှာ ဆက်လက်မြင့်တက်နေပြီး၊ သန့်ရှင်းသော သောက်သုံးရေမရရှိခြင်းနှင့် သွားလာ နေထိုင်မှု ကျပ်တည်းခြင်းတို့ကြောင့် ဒေသခံများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

20