မကူးစက်နိုင်သော နာတာရှည်ရောဂါများ (NCDs) ဖြစ်သည့် သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးများအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထိုင်းနိုင်ငံကျန်းမာရေးဖူလုံရေးရုံး (NHSO) က ထုတ်ပြန်ထားသည်။ NHSO ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ Universal Coverage Scheme (UCS) ခေါ် “ရွှေကတ်” ကျန်းမာရေးအာမခံစနစ် အကျိုးခံစားခွင့်ရှိသူများသည် အဆိုပါ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများကို စုစုပေါင်း အကြိမ်ရေ သန်း ၁၉၂ ကျော်အထိ အသုံးပြုခဲ့ကြောင်း သိရသည်။
သွေးတိုး၊ ဆီးချိုနှင့် ကိုလက်စထရောမြင့်မားခြင်းတို့က ထိုင်းနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အဓိကဝန်ထုပ်ဝန်ပိုး ဖြစ်နေ
Jun 23 • 7:42 AM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


