back

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ် ငဝန်မြစ်ကမ်းဘေး အပန်းဖြေရင်ပြင်တွင် မြစ်ရေစီးခြင်းကြောင့် ပေ ၁၃၀ ခန့် ရှည်လျားသည့် အက်ကွဲကြောင်း ဖြစ်ပေါ်

Jun 23 • 7:40 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ် ငဝန်မြစ်ကမ်းဘေး အပန်းဖြေရင်ပြင်တွင် မြစ်ရေစီးခြင်းကြောင့် ပေ ၁၃၀ ခန့် ရှည်လျားသည့် အက်ကွဲကြောင်း ဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသော အများပြည်သူ အပန်းဖြေရင်ပြင်နှင့် ပလက်ဖောင်း၌ ငဝန်မြစ်ရေစီးမှုက...

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသော အများပြည်သူ အပန်းဖြေရင်ပြင်နှင့် ပလက်ဖောင်း၌ ငဝန်မြစ်ရေစီးမှုကြောင့် အလျားပေ ၁၃၀ ခန့်ရှိသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် ပြည်သူများ အန္တရာယ်မဖြစ်စေရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းအပါအဝင် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားပြီး၊ ကမ်းထိန်းနံရံ ထပ်မံပျက်စီးမှုမရှိစေရေးအတွက် တိုင်းဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16