back

တနင်္သာရီတိုင်း ကော့သောင်းဒေသခံများ ရနောင်းသို့ ဝင်ထွက်ရန် အာမခံကြေးအဖြစ် ဘတ် ၅၀၀ ထိုင်းအစိုးရထံ တစ်နှစ်သွင်းထားရမည်ဟုဆို

Jun 23 • 3:45 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း ကော့သောင်းဒေသခံများ ရနောင်းသို့ ဝင်ထွက်ရန် အာမခံကြေးအဖြစ် ဘတ် ၅၀၀ ထိုင်းအစိုးရထံ တစ်နှစ်သွင်းထားရမည်ဟုဆို

မြန်မာနိုင်ငံ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် အဝင်အထွက်လုပ်နေသူများအား ထိုင်းဘက်ခြမ်း (ရေလယ်တောမ...

မြန်မာနိုင်ငံ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် အဝင်အထွက်လုပ်နေသူများအား ထိုင်းဘက်ခြမ်း (ရေလယ်တောမောရုံး) ၌ အာမခံငွေ ထားရှိရသည့်ပုံစံကို ဇွန်လ ဒုတိယအပတ်မှစတင်ကာ ပြောင်းလဲကျင့်သုံးနေကြောင်း ဇွန်လ ၂၂ ရက်တွင် သိရသည်။ယခင်က ကော့သောင်း Border Pass စာအုပ်ဖြင့် ဝင်ရောက်လာသူများသည် ရနောင်းသို့အဝင်တွင် အာမခံကြေး ဘတ် ၅၀၀ ပေးရပြီး ကော့သောင်းဘက် ပြန်ထွက်ချိန်တွင် အဆိုပါငွေကို ပြန်ထုတ်ပေးလေ့ရှိသည်။ လက်ရှိစနစ်သစ်တွင်မူ အဆိုပါ ဘတ် ၅၀၀ ကို ပေးသွင်းပြီးပါက တစ်နှစ်သက်တမ်းရှိ စရန်ငွေပေးသွင်းထားကြောင်း သက်သေခံကတ်ပြားတစ်ခု ထုတ်ပေးကာ၊ ယင်းကတ်ပြားရှိပါက တစ်နှစ်ပတ်လုံး အာမခံငွေ ထပ်ပေးစရာမလိုဘဲ အဝင်အထွက် ပြုလုပ်နိုင်မည်ဖြစ်သည်။ ဒေသခံများ၏ ပြောပြချက်အရ ယခုစနစ်ကြောင့် ငွေသွင်းငွေထုတ် အလုပ်မရှုပ်တော့ဘဲ တောမောရုံးတွင် စစ်ဆေးသည့်အချိန် ပိုမိုမြန်ဆန်လာသော်လည်း ဘတ် ၅၀၀ ကိုမူ ထိုင်းအာဏာပိုင်များထံ တစ်နှစ်ပတ်လုံး အသေထားလိုက်ရသည့် သဘောဖြစ်သွားကြောင်း သိရသည်။သို့ရာတွင် ၇ ရက်နေထိုင်ခွင့်ရှိသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဝင်ရောက်လာသူများမှာမူ ယခင်အတိုင်း ကော့သောင်းမှတ်ပုံတင်ဖြစ်ပါက ဘတ် ၅၀၀၊ အခြားမြို့နယ်မှတ်ပုံတင်ဖြစ်ပါက ဘတ် ၂,၅၀၀ အာမခံကြေး ပေးဆောင်ရမည်ဖြစ်ပြီး၊ မြန်မာဘက်သို့ ပြန်ထွက်ချိန်တွင် အဆိုပါအာမခံငွေကို ပြန်လည်ထုတ်ပေးကြောင်း လှေလုပ်ငန်းရှင်များထံမှ သိရသည်။

news-view-count-icon

10